ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်ချိန်ဖြစ်သဖြင့် စက်လှေမော်တော်များနှင့် ခရီးသွားလာ​နေသူများအား Life Jacket ဝတ်ဆင်အသုံးပြုသွားလာရေး အသိပညာပေး

ဇလွန် ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာချိန်ဖြစ်သဖြင့်  စက်လှေမော်တော်များနှင့်  ခရီးသွားလာ​နေသော ပြည်သူများအား Life Jacket ဝတ်ဆင် အသုံးပြုသွားလာရေး အသိပညာပေးခြင်းကို ကမ်းနားရပ်ကွက်၊ စက်‌လှေဆိပ်ကမ်းတွင်   ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးခြင်းကို ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများ၊ ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးရန်လင်းထွဋ်နှင့် တပ်ဖွဲ့ဝင်များ၊  ရပ်‌ကျေးအုပ်ချုပ်ရေးမှူးများက စက်လှေမော်တော် မောင်းနှင်သူများအား ယခုအချိန်သည် ဧရာဝတီမြစ်ရေမြင့်တက်လာချိန်ဖြစ်သဖြင့် မိမိတို့ စက်လှေမော်တော်တို့တွင် လိုက်ပါစီးနင်းသူများ အသက်အန္တရာယ် ကင်းရှင်းရေးအတွက် အသက်ကယ်အင်္ကျီ Life Jacket၊ ဘောကွင်းနှင့် အခြား အသက် ကယ်ပစ္စည်းများ အသုံးပြုသွားလာရန်၊ စက်လှေမော်တော်များနှင့် ခရီးသွားလာ​နေသော ပြည်သူများအား Life Jacket ဝတ်ဆင်အသုံးပြုသွားလာရေး အသိပညာပေး ပြောကြားခဲ့သည်။ ထို့နောက် စက်လှေမော်တော်မောင်းနှင်သူများနှင့် ခရီးသွားလာ​နေသော ပြည်သူများအား Life Jacket ဝတ်ဆင်နည်းများကို လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

ဝေယံ- ဇလွန်(ပြန်/ဆက်)