လှိုင်းဘွဲ ဇူလိုင် ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်များအား ရရှိရထိုက်သော အခွင့်အရေးများနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဦးစောသော်တာလင်းသန့်က ကလေးသူငယ်များ၏ ရရှိရထိုက်သောအခွင့်အရေးများ၊ ကလေးအလုပ်သမားများ ပပျောက်စေရန်အတွက် ရည်ရွယ်၍ အသိညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်၊ အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပူးပေါင်းပါဝင်ခွင့်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်များ၊ ဥပဒေများ၊ နည်းဥပဒေများ၊ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ နိုင်ငံတော်မှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ကလေးသူငယ်များ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)