ကျိုက်ဒုံ ဇူလိုင် ၁၅
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၈ နာရီက ကြာအင်းဆိပ်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာစိုးလွင်နှင့် ကျိုက်ဒုံမြို့ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှ ဦးစောပန်းစိန်တို့သည် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်း ဆိုင်ရာလှုပ်ရှားမှုရက်သတ္တပတ်အဖြစ် သတ်မှတ်၍ ပြည်သူများအား အသိပညာပေးခြင်းနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံမှုများဆောင်ရွက်ရာတွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းများကို (၁၀-၇-၂၀၂၂) မှ (၁၇-၇-၂၀၂၂) ရက်နေ့အထိ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိသည့် ခွာနာရောဂါ၊ အရေပြားအကျိတ်ရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါများအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထီးဝါးကလူးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင်နေထိုင်သည့် ပြည်သူများအား အသိပညာပေးခြင်းနှင့် တစ်ပိုင်တစ်နိုင် မွေးမြူထားသည့် ကျွဲ၊ နွားအကောင်ရေ (၁၂၀)ကောင်အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)