မြောင်းမြ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ PPRD မှ ထုတ်ပြန်ထားသော ရည်ညွှန်းစျေးဖြင့် ရောင်းချခြင်း ရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာနက ယမန်နေ့ နေ့လယ် ၁၂:၃၀ နာရီအချိန်တွင် လိုက်လံစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စက်သုံးဆီအရောင်းဆိုင်များ PPRD မှ သတ်မှတ်ထားသော စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို မြောင်းမြခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့က ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ PPRD၏ ရည်ညွှန်းဈေးသည် နေ့စဉ်ပြောင်းလဲမှုရှိပြီး၊ ရည်ညွှန်းဈေးဖြင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချမှု ရှိ/မရှိကို စားသုံးသူရေးရာ ဦးစီးဌာနက ရှောင်တခင် စစ်ဆေးလျက်ရှိရာ ယနေ့တွင် Win Family, Regency, မြစိမ်းမင်္ဂလာ ဆီဆိုင်များကို စစ်ဆေးခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်-ပြန်/ဆက်