မြောင်းမြ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မြောင်းမြမြို့နယ်အတွင်းရှိ ကျောင်းများမှ အသင်း(၁၆)သင်းဖြင့် ၉-၇-၂၀၂၂ ရက်နေ့မှစတင်၍ ပွဲစဉ်အလိုက် ယှဉ်ပြိုင် ကစားပွဲများကို ကျင်းပလျက်ရှိသည်။
ထိုသို့ ယှဉ်ပြိုင်ကစားလျက်ရှိရာ ပွဲစဉ်(၁)တွင် အ-ထ-က(၁)မှ လည်းကောင်း၊ ပွဲစဉ်(၂)တွင် အထက-ဂုန်နီမှ လည်းကောင်း၊ ပွဲစဉ်(၃)တွင် အထက(၇) မှလည်းကောင်း အနိုင်ရရှိကြပြီး၊ ပွဲစဉ်(၄)တွင် အ.ထ.က(၂)အသင်းနှင့် အ.ထ.က-သိလ္လာအသင်းတို့ နှစ်ဂိုးစီသရေပွဲ အဖြစ်လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
ထိုဘောလုံးပွဲစဉ်များကို (၁၄- ၇- ၂၀၂၂) ရက်နေ့မှစ၍ ကစားပွဲကို တစ်နေ့လျှင် ပွဲစဉ်နှစ်ခုစီ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး နေ့လယ် ၁ နာရီတွင် ပထမ ပွဲစဉ်၊ ညနေ ၃ နာရီခွဲတွင် ဒုတိယပွဲစဉ်ကို ကစားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ပထမပွဲစဉ်တွင် အ.ထ.က တောင်ပေါ်စုအသင်းက အ.ထ.က ကံကြီးအသင်းကို ၃ ဂိုး၊ ဂိုးမရှိဖြင့် လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် အ.ထ.က စကမြားအသင်းနှင့် အ.ထ.က ဝဲကလေး အသင်းတို့က တစ်ဂိုးစီ သရေဖြင့် ယှဉ်ပြိုင် ကစားသွားကြကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ဆက်