ဟိုင်းကြီးကျွန်း ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အမှတ်(၂၄) ရေတပ် လက်နက်ခဲယမ်း မီးကျောက်တပ်၊ စိုက်ခြံနှင့် မွေးမြူရေးခြံတို့မှ ထွက်ရှိသော ဟင်းသီးဟင်းရွက်နှင့် ကြက်ဥများကို ယမန်နေ့နံနက် (၀၆:ဝဝ)နာရီ အချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၂)ရပ်ကွက်စျေး၌ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချခြင်းကို အင်္ဂါ၊ကြာသပတေးရက်များ၌ ရပ်ကွက်အလိုက် အပတ်စဉ် ဆောင်ရွက် သွားမည်ဖြစ်ပြီး စျေးနှုန်းသက်သာ၍ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များကို စားသုံးရသည့် အတွက် မိဘပြည်သူများ၊ ဝန်ထမ်းများမှလည်း ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူးတင်လျက် ရှိကြောင်း သိရသည်။
ပင်လယ်ပျော် (ပြန်/ဆက်)