သံတောင်ကြီးမြို့နယ်တွင်(၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဓါတ်ပုံ၊နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

သံတောင်ကြီး  ဇူလိုင် ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၂၀၂၂-ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဓါတ်ပုံ၊ နံရံကပ်နှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်ကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ  ဓါတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲတွင် အာဇာနည်‌ခေါင်းဆောင်ကြီးများ၏ အထ္တုပ္ပတ္တိ၊ အာဇာနည်ခေါင်းဆောင်(၉)ဦး၏ သမိုင်းအကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝဖြစ်စဉ်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်း ဝင်မှတ်တမ်းပုံများ စသည်တို့ကိုပြသဆောင်ရွက်ထားရှိပြီး ကျောင်းသူ/ကျောင်းသားများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြည့်ရှုကြကြောင်းနှင့် စာပေ၏အကျိုးကျေးဇူသိရှိစေရန်၊ အသိပညာ ဗဟုသုတရရှိစေရန်စာအုပ်စာစောင်ပြပွဲဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။                              

နော်နော်မူ