မြောင်းမြ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က အာဇာနည်နေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ပြိုင်ပွဲ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူ(၂၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုများချီးမြှင့််ပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများစာအုပ်စာပေ ချစ်မြတ်နိုး တတ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်လာစေရန်ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)