(၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ ကျင်းပ

ကော့သောင်း  ဇူလိုင် ၁၅

ဇူလိုင်လ ၁၉ ရက်နေ့တွက် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကော့သောင်းမြို့၊ မူလတန်း လွန်ကျောင်း(အောင်သုခ)တွင် ပြုလုပ်ခဲ့သည်။

အသိပညာပေးဆောင်ရွက်မှုတွင် ကျောင်းသားကျောင်းသူများအား ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ ၊ လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ သိမှတ်ဖွယ်ရာ သမိုင်းအစရှိသည့်များကို အသိပညာပေးဟောပြောပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏  မှတ်တမ်းဓာတ်ပုံများ၊ ကိုယ်ရေးအကျဉ်းနှင့် အာဇာနည်နေ့နှင့်ပတ်သက်သည့် စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားတွင် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။  

ကျော်စိုး (ကော့သောင်း)