ဖြူးမြို့နယ်၊ ငှက်ကြီးသိုက်စံပြကျေးရွာတွင် နို့ပေါင်းစက်အခြေပြု နို့စားနွား(ဒေသ)မွေးမြူရေးလုပ်ငန်း ဒုတိယအကြိမ်ပြန်လည်ဖြန့်ဖြူး

ဖြူး ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၊ ငှက်ကြီးသိုက်စံပြကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်သော နို့ပေါင်းစက်အခြေပြု နို့စားနွား(ဒေသ)မွေးမြူရေးလုပ်ငန်း ဒုတိယအကြိမ်ပြန်လည်ဖြန့်ဖြူးခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာစိုးငြိမ်းအောင်က ကျေးရွာတွင် နို့ပေါင်းစက်အခြေပြု နို့စားနွား(ဒေသ)မွေးမြူရေးလုပ်ငန်း ဖြန့်ဖြူးဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ငှက်ကြီးသိုက်စံပြကျေးရွာတွင် နို့ပေါင်းစက်အခြေပြု နို့စားနွား(ဒေသ)မွေးမြူနိုင်ရေး ဖြန့်ဖြူးပေးခြင်းမှာ ဒုတိယအကြိမ်အနေဖြင့် မွေးမြူသူဦးရေ(၁၉)ဦး၊ နွားကောင်ရေ(၃၈)ကောင်အတွက် အောင်မြင်ဖြစ်ထွန်းအောင်မွေးမြူနိုင်ရေး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကော်မတီဖွဲ့ကာ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ပထမအကြိမ်တွင် မွေးမြူသူဦးရေ(၁၇)ဦး၊ နွားကောင်ရေ(၃၃)ကောင်တွင် တိုးပွားလာမှုမှာ (၃၆)ကောင်ရှိကြောင်းနှင့် နွားနို့အထွက်နှုန်းများပြီး ကျောင်းသားအရွယ်မှစတင်ကာ နွားနို့ သောက်သုံးမှုအလေ့အထများ ရရှိစေရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)