ကဝ ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အမှတ်(၄)အခြေခံပညာ မူလွန်ကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး(ကိုယ်စား)၊ ဆရာမ ဒေါ်အေးပပလင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္ထိအကျဉ်း၊ အာဇာနည်စိတ်ဓာတ်နှင့် အာဇာနည်နေ့ကျင်းပပုံတို့ကို ဟောပြော ဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းသား/ ကျောင်းသူများအား ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ အာဇာနည် (၉) ဦးတို့၏ အတ္ထုပ္ပတ္ထိ မှတ်တမ်းဓာတ်ပုံများပါရှိသည့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)