ရွှေဘိုမြို့​ အောင်​မြေ​​​ကျောင်းထိုင်ဘုန်းကြီးသင်တန်း​​ကျောင်းတွင် စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်း

​ရွှေဘို  ဇူလိုင်   ၁၄

စစ်ကိုင်းတိုင်း​ဒေသကြီး​၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊‌ စေတနာရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၇ နာရီအချိန်  ​​အောင်​မြေ​ကျောင်းထိုင်ဘုန်းကြီးသင်တန်း​ကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်သံဃာတော်များ၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦး​ဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီး​ရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ဆရာ​တော်အရှင်သူမြတ် ထံမှ  ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးမျိုးဦး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦး​ဇော်မျိုးဝင်း နှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊‌ ဧည့်ပရိတ်သတ်များက ဆရာတော် သံဃာတော် အရှင် သူမြတ်များအား  ဝါဆိုသင်္ကန်း၊ နဝကမ္မနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ ဆရာ​တော်အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းချ အမျှပေး ဝေခဲ့ကြသည်။ ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာ သနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းခဲ့​ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)