ဟင်္သာတမြို့တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ဟင်္သာတ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာ အသင်းတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲကို ခရိုင် ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်  ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ သည်။

အခမ်းအနားတွင် ခရိုင်ပြန်ဆက်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်ခင်စန္ဒာဆွေက ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ် စာရေးဆရာ အသင်းဝင်များဖြစ် ကြသော ဦးမြင့်သိန်း(ဘုန်းမင်းရာဇာ)၊ ဦးမြင့်အောင် (သစ္စာဝါဒီ)၊ ဒေါက်တာ ဒေါ်နွဲ့ရည်(နန်းရွှေရည်)၊ ဒေါက်တာ ခင်ခင်စန်း၊ ဦးကြည်အေး(ပျဉ်းမကုန်း-ကို​ကြေး)တို့က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း များ၊ အာဇာနည်ခေါင်းဆောင် ၉ ဦးတို့၏ အထ္တုပတ္တိနှင့် အဆိုအမိန့်များ၊ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ပုံများ၊ အာဇာနည်တို့၏ စံပြုထိုက်သောနမူနာ အကျင့်ကောင်းများ၊ ယနေ့လူငယ်များအတွက် နိုင်ငံနှင့် လူမျိုးချစ်စိတ်၊ ဆောင်ရန်/ရှောင်ရန် အချက်များကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာကြသူများက  သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန် လည်ရှင်းလင်းဖြေကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်ပြန်/ဆက်ရုံးဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာ အသင်းဝင်များ၊ ကျောင်းသား/သူများ၊ ဆရာ/မများ ဖိတ်ကြားထားသူများ၊ (၆၀)ဦး တက်ရောက်ခဲ့ကြသည်။

ကိုဇော် - ဟင်္သာတ