(၇၅)နှစ်မြောက် အာဇာနည်နေ့တွင် နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်၌ ဓါတ်ပုံ၊ ကဗျာနှင့် ဆောင်းပါးများ ပြသသွားမည်

နတ်မောက် ဇူလိုင် ၁၄

(၇၅)နှစ်မြောက် အာဇာနည်နေ့တွင် နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်၌ ဓါတ်ပုံ၊ ကဗျာ ဆောင်းပါးများပြသနိုင်ရန် ဘုတ်ချပ်များ ပြုလုပ်နေခြင်းကို ဇူလိုင်လ(၁၀) ရက်နေ့မှ စတင်၍ ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နေပြည်တော် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် စိမ်းလန်းစိုပြေသာယာလှပအောင်နှင့် ဘက်စုံထိန်းသိမ်းရေးလုပ်ငန်း  ကော်မတီအဖွဲ့တို့က ကြီးကြပ်၍ ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံ၊ ကဗျာ ဆောင်းပါးများ ပြသနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို နံနက် (၈)နာရီမှ ညနေ(၆)နာရီ အထိ ဖွင့်လှစ်သွားမည်ဖြစ်၍ ရပ်နီးရပ်ဝေးရှိပြည်သူများ လာရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

လှဝင်း