ငဖဲ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) အဆင့် အာဇာနည်နေ့ ဒို့မမေ့ ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ငဖဲမြို့အခြေခံပညာ အထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေး က (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပြိုင်ပွဲဝင်စည်းကမ်းချက်များကို ဆွေးနွေးပြောကြားပြီး အာဇာနည်နေ့ ဒို့မမေ့ခေါင်းစဉ်ဖြင့် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာ အထက်တန်းဆင့် ဝင်ရောက်ယှဉ်ပြိုင်သူ (၁၃) ဦး၊ အလယ်တန်းဆင့် (၂၀) ဦးနှင့် မူလတန်းဆင့် (၂၀) ဦး စုစုပေါင်းပြိုင်ပွဲဝင်ကျောင်းသား/သူ (၅၃) ဦးတို့က စာစီစာကုံးယှဉ်ပြိုင် ရေးသား ခဲ့ကြောင်းနှင့် ဆုရရှိသူများကို ဇူလိုင်လ(၁၉)ရက်နေ့ အာဇာနည်နေ့အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)