ရေနံချောင်း ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင် ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်အတွင်း ထုတ်ပေးထားရှိသည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များကို Software Programဖြင့် မှန်ကန် မြန်ဆန်စွာ ထည့်သွင်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ချောက်ခရိုင်အုပ် ချုပ်ရေးမှူး ဦးဌေးကျော် တက်ရောက် အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ချောက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးကျော်က မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာ ထွက်ပေါ်လာရေးအတွက် မြိုနယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များကို Software Program ဖြင့် ထည့်သွင်း ဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်း မှာကြားသည်။
ထို့နောက် ရေနံချောင်းမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်အောင်ကျော်က အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များကို Software Program ဖြင့် ထည့်သွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို လည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးမောင်က လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ထားမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက လိုအပ်သည်များ ဖြည့်စွက် တင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးက လုပ်ငန်းလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးက မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ မေးမြန်ဆွေးနွေးရာ ဌာနအလိုက် တာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေ့သည့် လုပ်ငန်းများနှင့် လျာထားဆောင် ရွက်မည့် လုပ်ငန်အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)