အထက်မင်းလှ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း၌ ထုတ်ပေးထားရှိသော အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)များအား Software Program ထည့်သွင်းနိုင်ရေးကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ဆောင်ရွက်လျက်ရှိရာ Online ဖြင့် သင်တန်းဖွင့်လှစ် ပို့ချပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သော နိုင်၄ ကိုယ်ရေးအချက်အလက်များအား အခြေခံ၍ တိကျမှန်ကန်သော အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆)ဖြစ်စေရန်အတွက် Program စနစ်တစ်ခုဖြင့် ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ နိုင်ငံသားများ၏ ကိုယ်ရေး အကြောင်းအရာများကို သိရှိနိုင်ရန် လိုအပ်လာလျှင် လည်းကောင်း၊ မှန်ကန်တိကျသော အထောက်အထားများကို အမြန်ဆုံး သိရှိ အထောက်အကူဖြစ်စေရန်အတွက် အိမ်ထောင်စုလူဦး ရေစာရင်း (၆၆/၆)များအား Software Program ထည့်သွင်းနိုင်ရေး သင်တန်းဖွင့်လှစ်ပို့ချ ပေးခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)များအား Software Program ထည့်သွင်းနိုင် ရေးသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)