ကျွန်းစုမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲခဲ့ရာ မီးသတ်ဦးစီးဌာနမှ ခုတ်ထွင်ရှင်းလင်း

ကျွန်းစု ဇူလိုင် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အ.ထ.က ကျွန်းစုကျောင်းအတွင်း၌ ခရေပင် ပြိုလဲခဲ့ရာ ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ခုတ်ထွင်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရှင်းလင်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးတင်ထွန်းနိုင်နှင့် တပ်ဖွဲ့ဝင်(၈)ဦးက အခြေခံပညာကျောင်းအတွင်းရှိ ခရေပင်ပြိုလဲနေမှုအားသစ်ဖြတ်စက်များဖြင့် ခုတ်ထွင်ရှင်းလင်းခဲ့ပြီးအမှိုက်များအား စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)