ဖျာပုံ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများက မြို့နယ်အမှတ် (၁၅)ရပ်ကွက်သို့ Door to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းကောက်ယူဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အဆိုပါ ရပ်ကွက်အတွင်း စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများက မြို့နယ်အမှတ် (၁၅) ရပ်ကွက်သို့ Door to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ Software Program ရေးသွင်းနိုင်ရေးအတွက် အိမ်ထောင်စု၊ လူဦးရေစာရင်းများ၊ မှန်ကန်စေရန်အတွက် Door to Door အဖြစ် ဆောင်ရွက် ရာတွင် သေဆုံးသူများ ပယ်ဖျက်၍ မွေးဖွားသူများကို မွေးတိုးစာရင်း ဆောင်ရွက်ခြင်း၊ သေဆုံးသူများကို စာရင်းမှ ပယ်ထုတ်ခြင်း၊ အကွက်အပေါက် တိုက်ဆိုင်စစ်ဆေးခြင်းကို အမှတ်(၁၅)ရပ်ကွက် အတွင်း လိုက်လံစစ်ဆေးကြသည်။ ဆက်လက်၍ ကျန်ရှိသော ရပ်ကွက်၊ ကျေးရွာများသို့လည်း နေ့ရက်အလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)