ရွှေကျင်မြို့နယ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရွှေကျင် ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ်  အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀) နာရီတွင် ညောင်ဝိုင်းရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်‌ကျောင်း တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးဟိန်းမင်းထွန်းက  အဖွင့်စကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က  အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ပုံများကို အသိပညာပေး ဟောပြောဆွေးနွေး ခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်‌ရေးဖခင်ကြီး ဗိုလ်ချုပ်‌အောင်ဆန်း၏ လွတ်လပ်ရေးရရှိအောင်ဆောင်ရွက်ခဲ့သော မှတ်တမ်းဓာတ်ပုံများပါရှိသည့် သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်ပြသခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)