ကျောင်းကုန်း ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က ပြိုင်ပွဲကျင်းပပေး ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပန်းချီပြိုင်ပွဲတွင် သဘာဝအရောင်နှင့် အနီးစပ်ဆုံး ဆေးရောင်ခြယ်သနိုင်သူ၊ အနီးအဝေး၊ အလင်းအမှောင်၊ သေသပ်မှုတို့ကို အကဲဖြတ် အမှတ်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲများသို့ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ(၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိ ကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)