ငရုတ်ကောင်း ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက ငရုတ်ကောင်း(အထက)၊ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် ငရုတ်ကောင်း(အထက)၊ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဦးက ဟောပြောပွဲ၊ စာအုပ်စာစောင် ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။ ပြီးနောက် ငရုတ်ကောင်း(အထက)မှ ဆရာ၊ ဆရာမများက အာဇာနည် ခေါင်းဆောင်ကြီးများ ကြိုးစားဆောင်ရွက်မှု သမိုင်းကြောင်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကျော်မာလာလွင်က အာဇာနည် ခေါင်းဆောင်ကြီးများအကြောင်း၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကြီးမားပုံများနှင့် နေ့ထူးနေ့မြတ်များအကြောင်းက အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက အာဇာနည် ခေါင်းဆောင် ကြီးများအကြောင်း ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များအား လေ့လာကြည့်ရှုကြ ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)