ကျိုက်ဒုံမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ၊နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

ကျိုက်ဒုံ ဇူလိုင် ၁၄

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံ ပြပွဲနှင့်စာအုပ်ပြပွဲများကို ယနေ့နေ့လည် ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုနံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်စဉ်ဘဝမှ လွတ်လပ်ရေးရသည်အထိ ကြိုးပမ်းမှုသမိုင်းမှတ်တမ်းများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ်အကြောင်းအရာများနှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ထုတ်နှုတ်ထားသည့် နံရံကပ် စာစောင်များပြသခြင်း၊ ကျောင်းသား ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ သိရှိစေရေးအတွက် စာအုပ်စာစောင်များကိုလည်း ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ပြန်/ဆက်)