သရက်ချောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများအား ထုတ်ပေး

သရက်ချောင်း   ဇူလိုင်   ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေး ဘဏ်မှမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူလယ်သမားများအား ၂၀၂၂-ခုနှစ် မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုအတွက်စိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည် ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ ကျွဲမင်းကုန်း ကျေးရွာအုပ်စုမှ တောင်သူ(၈၅)ဦး၊ တစ်ဧကလျှင် ၁သိန်းခွဲနှုန်းဖြင့် စပါးစိုက် (၄၃၅)ဧက အတွက် ချေးငွေကျပ် ၆၅၂၅၀၀၀၀သိန်းကို ဇွန်လ ၁၄ရက်နေ့တွင် ထုတ်ချေးပေးခဲ့ပြီး မြို့နယ် အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့်ကျေးရွာ(၃၄)ရွာရှိသည့်အနက် ဇူလိုင်လအတွက်လဘ၊ ဆင်ကူး၊ ရန်ထောင်၊ မော်ရှည်ကုန်း၊ ကျွဲမင်းကုန်း၊ အိမ်ရှေ့ပြင်၊ ကဇိ၊ ကနက်သီရီ၊ တီထွင်ပြင်၊ စုံစင် ကျေးရွာ(၁၀)ရွာကို ထုတ်ချေးပေးရန် စီစဉ်ထားရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်အေးသီတာထံမှ သိရသည်။

သားကြီး(သရက်ချောင်း)