ကျောင်းကုန်းမြို့၌ ထာဝရငွေပဒေသာပင်စုစုပေါင်းငွေကျပ် သိန်း(၆၀)လှူဒါန်း

ကျောင်းကုန်း ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် (ဦးသိန်းလှိုင်+ ဒေါ်ခင်မြ) မိသားစုမှ ထာဝရငွေပဒေသာပင် လှူဒါန်းပွဲကို ယနေ့နံနက် ၁ဝး၃၀နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ‌အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအတွက် ထာဝရငွေပဒေသာပင် ငွေကျပ်သိန်း (၃၀)လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်က လက်ခံရယူခဲ့သည်။ ကျောင်းကုန်းမြို့နယ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်စဉ် ကျင်းပလျက်ရှိသော ဘိုးဘွားပူဇော်ပွဲအတွက် ထာဝရငွေပဒေသာပင် ငွေကျပ် (၁၅)သိန်း လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက လက်ခံရယူ ခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ထာဝရဆေးပဒေသာပင် ငွေကျပ် (၁၅)သိန်း လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်က လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ကျောင်းကုန်း)