ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အင်္ဂပူ-ညောင်ကျိုး ဆက်သွယ်ရေး ကားလမ်းမအား ငဝန်မြစ်ရေ တိုက်စားပြိုကျ‌နေမှုနှင့်‌ Floating Unit ဆောင်ရွက်ထားမှုများ ကြည့်ရှု စစ်ဆေး

အင်္ဂပူ  ဇူလိုင်  ၁၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ယမန်နေ့ည‌နေပိုင်းက အင်္ဂပူမြို့နယ်၊ ဝက်လဟာ ကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာအတွင်းရှိ အင်္ဂပူ-ညောင်ကျိုး ဆက်သွယ်ရေးကားလမ်းမအား ငဝန်မြစ်ရေ တိုက်စားပြိုကျမှုနှင့်‌ ရေတိုက်စားမှုလျော့နည်းစေရန် Floating Unit ဆောင်ရွက် ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းညွန်ကြားရေးမှူး ဦးတိုးအောင်လင်းက ကမ်းပါးပြိုကျမှု အခြေအနေနှင့် မြစ်ကမ်းပါး ပြိုကျမှုရပ်တန့်‌စေရန် Floating  Unit ဆောင်ရွက်ထားမှု၊‌ ရေစီးအားလျော့နည်းစေရန် ခြုံချခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို တင်ပြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး လမ်းဦးစီး ဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးလှဌေးက ရေတားလမ်းဖောက်လုပ်မှုအခြေအနေများကို ရှင်းလင်း တင်ပြရာ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)