သရက်ချောင်း ဇူလိုင် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပိန်းတောကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အသိပညာပေးအစီအစဉ်အနေဖြင့် ဟောပြောပွဲ ကျင်းပခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးလင်းနှင့် ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော ဘေး (၉) ဘေး အကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား/သူများနှင့် အပြန်အလှန် ဆွေးနွေးခြင်းနှင့် မေးခွန်းများမေးမြန်းခြင်းများ ဆောင်ရွက်ကာ လက်ဆောင် ပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအကျဉ်းကို ဟောပြောဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေးအန္တာရာယ်အသိပညာပေး လက်ကမ်းစာစောင်များ၊ အသိပညာပေး ဗီနိုင်းများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။