ဘိုကလေးမြို့ ကျက်သရေဆောင် မြို့လည်အောင်တော်မူဘုရားကြီးတွင် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ဘိုကလေး ဇူလိုင် ၁၄

မြို့နယ်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ရောဂါဘယ ကပ်ဆိုးများ၏ဘေးမှ ကင်းလွတ်စေရေး အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မြို့လယ် ကျက်သရေဆောင် မဟာအောင် တော်မူဘုရား တန်ဆောင်းတော်ကြီးတွင် ယနေ့ နံနက် အာရုဏ်တက်ချိန်မှ စတင်၍ ဗုဒ္ဓဘိသေက အနေကဇာ တင် မင်္ဂလာနှင့် အတူ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ စတင်ကျင်းပသည်။

အဆိုပါ အသံမစဲမဟာပဋ္ဌာန်းပွဲအား ဘိုကလေးမြို့ပေါ်ရှိ ကျောင်းတိုက်(၂၇)တိုက်၏ ဆရာတော်၊ သံဃာတော် များက ယနေ့မှ စတင်၍ ဇူလိုင်(၁၆)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ရွတ်ဖတ် ပူဇော်သွားမည်ဖြစ်ပြီး ဆရာတော်၊ သံဃာတော်များအား သာသနာ့ဒါယကာ၊ ဒါယိကာမ အပေါင်းတို့မှ အာရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ အချိုပွဲများ၊ ညပိုင်း အချိုရည်များဖြင့် နေ့စဉ် ဆက်ကပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)