သရက်ချောင်းမြို့နယ်တွင် အသက် ၆လမှအသက် ၅နှစ်အောက် ကလေးသူငယ်များဘီတာမင်အေနှင့် သံချဆေးတိုက်ကျွေး

သရက်ချောင်း  ဇူလိုင်  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အသက် ၆ လမှ အသက် ၅နှစ်အောက် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ဘီတာမင်အေနှင့်သံချဆေး တိုက်ကျွေးခြင်းကို ယမန်နေ့မှစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါဘီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို သရက်ချောင်းမြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနမှ သူနာပြုဆရာမဒေါ်သဥ္စာသိန်းဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ မြို့ပေါ်ရပ်ကွက်များမှ ကလေးသူငယ်များနှင့် ကျေးရွာများမှ လေးသူငယ်များအားသံချဆေးတိုက်ကျွေးခြင်း၊ ဗီတာမင်အေ ဆေးတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့​ကြောင်း သိရသည်။

သားကြီး(သရက်ချောင်း)