ချောင်းသာရွှေသာယာမြို့မစျေးနှင့် အဝေးပြေး ယာဉ်ရပ်နားကွင်း၌ မိုးရာသီကာလ ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်

ချောင်းသာ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် မိုးရာသီကာလ ရေစီးရေလာ ကောင်းမွန်ပြီး ရေဝပ်၊ ရေအိုင်ခြင်းများ၊ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရန်အတွက် မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့စည်ပင်သာယာရေးအဖွဲ့များက ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရွှေသာယာမြို့မ စျေးနှင့် အဝေးပြေးယာဉ်ရပ်နားကွင်း၌ ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ​မြို့မစျေးကြီးရှိ ပင်မရေနုတ်မြောင်း၊ ယာဉ်ရပ်နားကွင်း ဝဲ၊ ယာ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ယာဉ်ယန္တယား၊ လူအင်အားများဖြင့် ရေနုတ်မြောင်း အနက်တူးဖော်ခြင်း၊ ရေဝပ်ခြင်းနှင့် ရေသိုးများ ကျန်ရစ်မှုမရှိစေရေး မြောင်းဆယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ချောင်းသာမြို့တွင် ရေဝပ်မှုမရှိစေရန်၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန် အတွက် ​မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ဒေသခံ ပြည်သူများ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိ​ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)