သံတောင်ကြီးမြို့နယ်တွင်(၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲဆောင်ရွက်

သံတောင်ကြီး  ဇူလိုင် ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့် အာဇာနည်ခေါင်းဆောင်များ၏ အကြောင်းအရာများသိရှိစေရန်နှင့်အစဉ် အောက်မေ့သတိရစေရန်(၇၅)နှစ် မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။                                   

ရှေးဦးစွာမြို့ နယ်ဦးစီးအရာရှိ   နော်လော်မူက အာဇာနည်နေ့အကြောင်းဖြစ်ပေါ်လာပုံ၊   အာဇာနည် ခေါင်း ဆောင်(၉)ဦး၏အတ္တုပ္ပတိများကို အကျယ်တစ်ဝင့်ပြောကြားပေးပြီး၊ နော်နီလာအေး (ဒုတိယဦးစီးမှူး)၊ ကဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ လွတ်လပ်ရေးကြိုးပမ်း ဆောင်ရွက်မှုများ၊  အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ အကျင့်စာရိတ္တ၊ ရဲစွမ်းသတ္တိရှိမှု၊ တိုင်းပြည်အတွက် ပေးဆပ်အနှစ်နာခံများများအား ပြောကြားပေးပြီးတက်ရောက်လာသည့် ကျောင်းသူ၊ကျောင်းသားများက အာဇာနည်နေ့နှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမမြန်းရာ မြို့နယ်ဦးစီးအရာရှိ နော်လော်က  ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ