ပေါက်ခေါင်း ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ၊ ကျေးလက်ရေရရှိရေးလုပ်ငန်းများ၊ ကျေးရွာတွင်းလမ်းများအဆင့်မြှင့်တင်ခြင်းနှင့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နေသည့် ချောင်းကျိုးကျေးရွာမြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ဆိုလာစွမ်းအင်စနစ်သုံး ဆီထွက်သီးနှံစိုက်ပျိုးမည့်အစီအစဉ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၂၁ ဒသမ ၈၉၇၇၅ သန်းဖြင့် ဒွရွာကျေးရွာတွင် အကျယ် ၄ ဒသမ ၅ လက်မ၊ အနက်ပေ ၄၀၀ ရှိ သောက်သုံးရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ ဗောဓိကုန်းကျေးရွာတွင် အရှည်ပေ ၆၃၀၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိသော ကျေးလက်ကုန်ထုတ်လမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေ ကျပ် ၇၇ ဒသမ ၄၂၅ သန်းအသုံးပြု၍ တင်ဒါအောင်မြင်သည့်ကုပ္မဏီများက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ပေါက်ခေါင်းမြို့နယ်ကျေးလက်ဦးစီးဌာန တာဝန်ရှိသူများမှလည်း လိုအပ်သည့် လုပ်ငန်းလမ်းညွှန်မှုများနှင့်သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးတို့ကို ကွင်းဆင်းစစ်ဆေးပေးလျက်ရှိကြောင်းသိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)