ဆင်ပေါင်ဝဲ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျောက်မှော်ကျောင်းတိုက်တွင် ယမန်နေ့က ဌာနဆိုင်ရာများစုပေါင်း၍ (၁၈)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးမျိုးဇော်ဟိန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ရာ ကျောက်မှော်ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဓမ္မပီယထံမှ ရှစ်ပါးသီလခံယူတည်ဆောက်ခဲ့ပြီး ဌာနဆိုင်ရာများမှ ဆရာတော်များအား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ဆရာတော်များမှ မေတ္တာသုတ်တရားတော်ရွတ်ဖတ်ခဲ့ပြီး ကမ္ဘာဧဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိမလမှ တရားရေအေးတိုက်ကျွေးခဲ့သည်။
ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)