အထက်မင်းလှ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့မှ ပြည်သူလူထု၏ အခြေခံလိုအပ်ချက်ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး စသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်(၅)ရပ်အား ဆောင်ရွက်နိုင်ရေးအတွက် နယ်မြေကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ညောင်ပင်သာကျေးရွာနှင့် ရွာတော် ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအာင်က ကျေးရွာအဆင့် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်သူလူထု၏ အခြေခံလိုအပ်ချက် ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး စသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူလူထု၏လုံခြုံရေးနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောက်ရွက်ပေးနိုင်ရန်အတွက် နယ်မြေကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးမြတ်သူနှင့် ဒု-ဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်သန်းတို့က လုံခြုံရေးအထူးဂရုပြုလိုက်နာ ဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်အခြေအနေများအား သတင်းပေးပို့ဆောင်ရွက်ကြရန်၊ ကျေးရွာ အဆင့် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ဝင်းများနှင့် ဒေသခံပြည်များအနေဖြင့် မိမိရပ်ရွာဒေသ ဖွံ့ဖြိုး တိုးတက်ရေး၊ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ဝင်များက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးစသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ရာ ကျေးရွာအဆင့်ပြည်သူ့လုံခြုံရေး ကြီးကြပ်မှု အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)