နတ်မောက်မြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

နတ်မောက် ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမင်းဆွေက အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး  ပြိုင်ပွဲဝင် အထက်တန်းအဆင့် ကျောင်းသား/သူ (၁၅)ဦးအား “ကမ္ဘာတည်သ၍ အာဇာနည်နေ့ တို့မမေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၁၄)ဦးအား “မမေ့စဉ်လာ အာဇာနည်နေ့ ချိန်ခါ” ခေါင်းစဉ်ဖြင့် လည်းကောင်း  စုစုပေါင်း (၂၉) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။

လှဝင်း