လိပ်သို ဇူလှိုင် ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ လိုက်လံနှိုးဆော်ရာတွင် မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူများရှိနေသေး၍ အထူးသတိပြုနေထိုင်ကြရန်၊ တစ်ဦးချင်းရောဂါကာကွယ်ရေး အခြေခံစည်းကမ်းများကို လိုက်နာကြရန်၊ သံသယရောဂါလက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ခြင်းသတင်းပေးပို့ရန်၊ အလှည့်ကျရရှိလာသည့် ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံကြရန်၊ ကျန်းမာရေးဌာနက ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးတားဆီးကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်တား ဆီးရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့် အသိပညာပေးနှိုးဆော်မှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
လိပ်သို (ပြန်/ဆက်)