ဒိုက်ဦးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

ဒိုက်ဦး ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ နတ်ကင်း‌ကျေးရွာအုပ်စု၊ ကြီးပေါင်းစု‌ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုစခန်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) အကြောင်းအရာများ၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီးနောက် ကော်မတီဝင် ၇ ဦးကိုအများဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ကို Type-1 (၂) ရွာ၊ Type-2(၃)ရွာ စုစုပေါင်း (၅)ရွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီးချေးငွေကို နေကြာစိုက်တောင်သူများ၊ အခြားဆီထွက် သီးနှံစိုက်တောင်သူများ၊ အခြားသီးနှံစိုက်တောင်သူများနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း လုပ်ငန်းလုပ်ကိုင်သူများကို ချေးငွေများထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)