မေတ္တာ ဇူလိုင် ၁၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ရုံးအနေဖြင့် မြို့အတွင်းရှိအထွေထွေ ဌာနဆိုင်ရာရုံးများနှင့်မြို့ပေါ်ရပ်ကွက်ရှိလူနေအိမ်များသို့ ယမန်နေ့မွန်းလွဲက အိမ်တိုင်ရာရောက် (Mobile) စနစ်ဖြင့် သုတ/ရသ စာအုပ်များ အခမဲ့သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ အချိန်ကို အကျိုးရှိရှိ အသုံးပြုတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရရှိလာစေရန် ရည်ရွယ်၍ သုတ/ရသစာအုပ်များအား Mobile စနစ်ဖြင့် အခမဲ့သွားရောက်ငှားရမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အေးအေးချို(မေတ္တာ-ပြန်/ဆက်)