ပုသိမ် ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ စက်ကုန်းကျေးရွာ၌ ထိုင်ဝမ်တိုင်ထောင် ပဲများစျေးကောင်းရ၍ စိုက်ပျိုးသူများ တိုးချဲ့စိုက်ပျိုးလာကြောင်း ထိုင်ဝမ်တိုင်ထောင်ပဲ စိုက်ပျိုးသူ ဦးစိန်ကုလားက ပြောကြားခဲ့သည်။
ထိုင်ဝမ်တိုင်ထောင်ပဲ မစိုက်မီဘောင်တွေ အရင်ဆုံးပြုပြင်ရပြီး ဘောင်တွေပြုလုပ်ကာ စိုက်ဘောင်များအတွင်း မြေခံကြက်ချေးနှင့် ဆန်စက်မှရရှိတဲ့ ဖွဲဖုံမှုန့်တွေကို ကြက်ချေးနှင့်အတူ ရောစပ်ထည့်ပေးရပါတယ်၊ ပဲမျိုးစေ့များကိုတော့ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကာ တစ်ပင်နဲ့တစ်ပင် တစ်တောင်ခွာ စိုက်ပျိုးရတာဖြစ်ပြီး အပင်ကြီးထွားမှုနဲ့ လေဝင်လေထွက် ကောင်းပြီးစိုက်ပျိုးချိန် ၁၅ ရက် ရောက်ရင်တိုင်များ ထောင်ပေးရပြီး ၄၅ ရက်ကြာရင် အသီးများစတင်သီးပါတယ်၊ ရက် ၅၀ ဆိုရင် အသီးလှိုင်လှိုင်သီးကြောင်း စိုက်ပျိုးသူ ဦးစိန်ကုလားက ပြောသည်။ ပဲသီးတွေကတော့ စျေးအတက်အကျတော့ရှိကြောင်း ရေကြည်၊ ငသိုင်းချောင်းမှ ပဲသီးများရောက်လာရင် ပဲသီးစျေးကျကြောင်းသိရပြီး ပုံမှန်စျေးနှုန်းကတော့ ပဲသီးတောင့် ၅၀ စီးကို ၆၀၀ ကျပ်၊ ပဲသီးတောင့် ၁၀၀ စီးကို ၁၂၀၀ ကျပ် ရောင်းချရကြောင်း ထိုင်ဝမ်တိုင်ထောင်ပဲ စိုက်ပျိုးသူထံမှ သိရသည်။
မြင့်ဟန်
ပုသိမ်ခရိုင်-ပြန်/ဆက်