အိမ်မဲမြို့နယ် Community Centre ခန်းမတွင်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

အိမ်မဲ ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယနေ့နေ့လည်(၁၂) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကျောင်းသား/ကျောင်း‌သူများ အနေဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ကြ‌သော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အမြဲအမှတ်ရရှိနေစေရန်၊ ကျောင်းပြင်ပစာပေဗဟုသုတများ ရှာမှီးတက်စေရန်၊ စာဖတ်စွမ်းရည်များ တိုးတက်လာစေရန်   ‌ပြိုင်ပွဲကျင်းပပြုလုပ်‌ပေးခဲ့ရခြင်း ဖြစ်‌ကြောင်း ရှင်းပြောကြားခဲ့ပြီး၊ ဒေါက်တာမေမွန်ရေးသားသည့် ငှက်လေးတွေရဲ့ပြိုင်ပွဲပုံပြင်ဖြင့် ကျောင်းသား/ကျောင်းသူ (၁၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်

အိမ်မဲ ပြန်/ဆက်