ပန်းတောင်း ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံက်ပိုင်းက ကျွဲရဲကျေးရွာ၊ လယ်တီကျေးရွာတို့တွင် ကျေးရွာဘုန်းကြီးကျောင်းတို့၌ ပြုလုပ်ခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးအေးကြိုင်က ဌာနဆိုင်ရာများမှ မိမိဌာနနှင့်ပတ်သက်သည်များကို အသိပညာပေး ပြော သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် စိုက်ပျိုးမည်ဆိုပါက သီးထပ်၊ သီးညှပ်စိုက်ပျိုးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးတင့်လွင်က စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ စိုက်ပျိုးရေးနည်းပညာများကို တောင်သူများအား လက်တွေ့သရုပ်ပြသခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးသန်းဇော်ဝင်းက ကြက်၊ ဝက်များ မွေးမြူမည်ဆိုပါက တိရိစ္ဆာန်များကို ကာကွယ်ဆေးထိုးရန်သင့်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်သည့် နည်းပညာများကို သရုပ်ပြသခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ ဦးဖြိုးဝေအောင်က ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးများကို လည်းကောင်း၊ မီးသတ်ဦးစီးဌာန၊ ဒုဦးစီးမှူး ဦးစိုးသီဟက မီးသတ်နှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းက လ.ဝကနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ သမဝါယမဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်စန်းဝေက တောင်သူလယ်သမားတွေ လိုအပ်တဲ့ စက်ပစ္စည်းတေ ဖြန့်ဖြူးပေးပါတယ်၊ ငွေချေးနှင့်ပတ်သက်သည်များကိုလည်းကောင်း၊ စားသုံးသူဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက စားသုံးရန်သင့်မသင့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍လည်းကောင်း၊ တာဝန်ရှိသူများက ပညာပေးဆွေးနွေးခဲ့သည်။ တက်ရောက်လာသော ဒေသခံပြည်သူများက သိရှိလိုသည်များကို ပြန်လည်တင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး