ရွှေတောင်မြို့နယ်တွင် ဝါဆိုလပြည့်နေ့ဘုရားဖူးများစည်ကားသိုက်မြိုက်

ရွှေတောင် ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဝါဆိုလပြည့်နေ့နံနက်ပိုင်းက သမိုင်းဝင်ဘုရားစေတီပုထိုးများတွင် ဘုရားဖူးပြည်သူများစည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်အတွင်းရှိ သမိုင်းဝင်ရွှေနတ်တောင်စေတီတော်၊ ရွှေမျက်မှန်ဘုရား၊ ရဟန္တာ (၈၀)ဘုရားတို့တွင် ဒေသခံပြည်သူများနှင့်ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများစည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)