လိပ်သိုမြို့တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အကြို အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်

လိပ်သို ဇူလှိုင် ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို သိပညာပေး နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များပြပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါပြပွဲတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဓာတ်ပုံများနှင့် အတ္ထုပ္ပတ္တိအကျဉ်းများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းဓာတ်ပုံများ၊ မိန့်ခွန်းများကို ပြသပေးခဲ့ပြီး စာကြည့်တိုက်သို့ လာရောက်သော ကျောင်းသား/သူများ ပြည်သူများ ဂျာနယ်၊ စာစောင်များနှင့် ပိုမိုရင်းနှီးမှုရှိလာရန်ရည်ရွယ်၍ သုတ၊ ရသ စာအုပ်စာစောင်အမျိုးစုံအား ပြသပေးခဲ့ရာ  စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာငှားရမ်းခဲ့ကြကြောင်း သိရသည်။

လိပ်သို(ပြန်/ဆက်)