ကော့ကရိတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ကော့ကရိတ် ဇူလိုင် ၁၁


ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုကဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယ​​နေ့နံနက် ၁၀ နာရီခွဲအချိန်က သံဃာတော် ()ပါး ပင့်ဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူခဲ့ကြသည်။ ထို့နောက် နမောတဿ သုံးကြိမ်ရွတ်ဆို၍ ပြည်နယ်သံဃနာယကအဖွဲ့ဝင် ကော့ကရိတ်မြို့ရန်ကုတ်​ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ ဝိဇယမှ ငါးပါးသီလ ချီးမြှင့်ပေးခဲ့ပြီး ဝါဆိုသင်္ကန်း ကပ်လှူရသည့်အကျိုး တရား​တော်အကြောင်းတို့ကို ဆရာတော်အရှင် သူမြတ်များက သြဝါဒချီးမြှင့်ပေးခဲ့သည်။

 ယင်းနောက် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံ အုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်းကာ အလှူဒါနကုသိုလ်များအတွက် ရေစက်ချအမျှပေးဝေကာ သာဓုခေါ်ဆိုခဲ့ကြပြီး အခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့​ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)