မကွေးတက္ကသိုလ် အထူးပြုဘာသာရပ်အလိုက် အမျိုးသား/သမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲနှင့် အခမ်းအနားကျင်းပ

မကွေး ဇူလိုင် ၁၁

မကွေးတက္ကသိုလ် ၂၀၂၂ခုနှစ် အထူးပြုဘာသာရပ်အလိုက် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ယ‌မန်နေ့ နံနက်ပိုင်းက မကွေးတက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမတွင် အထူပြုဘာသာရပ်အလိုက် အမျိုးသား/ သမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက ၂၀၂၂ခုနှစ်၊ အထူးပြု ဘာသာရပ်အလိုက် အားကစားပြိုင်ပွဲများ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား/သူများ သတ်မှတ်စည်းကမ်းများနှင့်အညီ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ကြရန်နှင့် ပြိုင်ပွဲဝင်အားကစားသမားအချင်းချင်း စည်းလုံးညီညွတ်စွာ ဝင်ရောက်ယှဉ်ပြိုင်ကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အထူးပြုဘာသာရပ်အလိုက် ပြိုင်ပွဲဝင် ကျောင်းသား/သူများက ကြက်တောင်ရိုက်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားကြရာ အမျိူသားကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမဆု ရရှိသော ဓာတုဗေဒမေဂျာအသင်းအားလည်းကောင်း၊ ဒုတိယဆုရရှိသော သင်္ချာမေဂျာ အသင်းအားလည်းကောင်း၊ တတိယဆုရရှိသောဘုမိဗေဒအသင်းအားလည်းကောင်း၊ အမျိုးသားအသင်းအလိုက် တံခွန်စိုက်ဆုရရှိသော ဓာတုဗေဒအသင်းအားလည်းကောင်း၊ အမျိုးသမီး ကြက်တောင်ရိုင်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဓာတုဗေဒအသင်းအားလည်းကောင်း၊ ဒုတိယဆုရရှိသော သင်္ချာမေဂျာအသင်းအားလည်းကောင်း၊ တတိယဆုရရှိသော ဘူမိဗေဒ အသင်းအား လည်းကောင်း၊ အမျိုးသမီးအသင်းအလိုက် တံခွန်စိုက်ဆုရရှိသော ဓာတုဗေဒ အသင်းအားလည်းကောင်း မကွေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခဆရာများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အလားတူ အထူးပြုဘာသာရပ်အလိုက် စစ်တုရင်အားကစားပြိုင်ပွဲတွင် ဆုများအသီးသီးရရှိသည့် ‌ကျောင်းသား/သူများအား ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကိုအောင်