မကွေးပညာရေးဒီဂရီကောလိပ်တွင် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲ ကျင်းပ

မကွေး ဇူလိုင် ၁၁

မကွေးပညာရေးဒီဂရီကောလိပ်တွင် ယနေ့ နံနက် ၁၀နာရီအချိန်က အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ‌ကျောင်းသား/သူများက အာဇာနည်နေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင်  မမေ့နိုင်သော သမိုင်းဝင် အာဇာနည်းနေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် စိန်ရတု တိုင်ပြီ မြတ်အာဇာနည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် မမမေ့သင့်ပေ အာဇာနည်တွေ ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ကိုအောင်