အိမ်မဲ ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်(အကြို) အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
စာစီစာကုံးပြိုင်ပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အမြဲအမှတ်တရရှိနေစေရန်၊ ကျောင်းပြင်ပစာပေဗဟုသုတများ ရှာမီးတက်စေရန်၊ ဉာဏ်ပညာထက်မြတ်စေရန်၊ ကိုယ်ရည်ကိုယ်သွေး ထက်မြတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အာဇာနည်နေ့ တို့မမေ့ ခေါင်းစဉ်ဖြင့် ပြိုင်ပွဲကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိက ဆုများပေးအပ်ခဲ့ကြောင်း သိရ သည်။
ဌေးဌေးလှိုင်