ပြင်စလူ ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် (Book Club)နှင့် (Youth Club) အဖွဲ့ဝင်များဖြင့် ချစ်နိုင်(စိတ်ပညာ)ရေးသားထားသော အားတင်းထားစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြင်စလူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဇူလိုင်လ ၈ ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က ပြန်/ဆက် ပြည်သူ့စာကြည့်တိုက်များတွင် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ ဉာဏ်ပညာမြင့်မားလာစေရန်နှင့် လူအများနှင့် ပြောဆိုဆွေးနွေး တတ်စေရန်၊ စာပေနှင့် ဗဟုသုတတန်းဖိုးကို သိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာအုပ်ပါအကြောင်းအရာအချို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် (Book Club) အဖွဲ့ဝင် ရဲအုပ်အေးမင်းထွဋ်နှင့် ကျောင်းအုပ် ဦးသိန်းဇော်လွင်တို့က ချစ်နိုင် (စိတ်ပညာ) ရေးသားထားသော အားတင်းထားစာအုပ်ထဲမှ ဗသုတကတန်ဖိုး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခေါင်းဆောင်မှုခေါင်းစဉ်များဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲတွင် (Book Club)နှင့် (Youth Club) အဖွဲ့ဝင်(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယောဧရာ (မြို့ပြန်/ဆက်)