ပေါက်ခေါင်း ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းအတွက် မြေပုံ ၅ မျိုး ကြိုတင်ပြင်ဆင်ခြင်းနှင့် ပဏာမမြေပုံရေးဆွဲခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိဦးမြင့်စိုးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
၂၀၂၄ ခုနှစ်၊ သန်းခေါင်းစာရင်းမှန်ကန်စေဖို့အတွက် ပထမဆုံးအနေဖြင့် GIS(Geographic Information System)နည်းပညာဖြင့် မြို့နယ်အတွင်းမှာရှိသည့် ၅ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၅၃ အုပ်စု၊ ကျေးရွာပေါင်း ၂၄၇ ရွာကို တစ်ရွာခြင်းမြေပုံပွိုင့်ထောက်ပြီး ပဏာမမြေပုံရေးဆွဲခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယမန်နေ့ကမြို့ပေါ်ရပ်ကွက်(၅)ရပ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ယနေ့တွင်လည်း ဘန့်ပြင်ကျေးရွာ၊ သဖန်းချို၊ ရွှေကူနှင့်ကုန်းကြီးကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း လဝကဦးစီးမှူးဦးမြင့်စိုးထံမှ သိရသည်။ အဆိုပါ GIS နည်းပညာဖြင့် မြေပုံပွိုင့်ထောက်ခြင်းလုပ်ငန်းများကို ယခုနှစ်အောက်တိုဘာလအတွင်း ပြီးစီးအောင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)