လပွတ္တာ ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီ အချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အမှာစကား ပြောကြားရာတွင် သန်းကောင်စာရင်းကောက်ယူရာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ကော်မရှင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်း၍ မြေပြင်လူဦးရေစာရင်းများ ကိုက်ညီမှုရှိစေရေး၊ ကိုဗစ်ဆေးထိုးကျန်ရှိသူများအား ဆက်လက်ထိုးနှံရေး၊ ဌာနဆိုင်ရာအတွင်း လမ်းဦးစီး၊ စည်ပင်၊ ဌာနဆိုင်ရာများအား ကျူးကျော်မြေများအား ပူးပေါင်းဆောင်ရွက်ရေး၊ အကျဉ်းထောင်မြေနေရာကိစ္စ ဆောင်ရွက်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရေးတို့ကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းအသီးသီးရှင်းလင်း တင်ပြမှုများ အပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်